mv pc mv sp

Myanmar No.1
Testing Company
Quality Assurance &
WEB Design Professionals

ABOUT

COMMITMENT TO HIGH QUALITY

Qualy Myanmar Co., Ltd. သည် ဂျပန်နိုင်ငံထုတ်ကုန် အရည်အသွေးရဲ့ QA Testingပိုင်းနဲ့ Software Verificationပိုင်းတွေကို Main Businessအနေနဲ့ အဓိကထားလုပ်ဆောင်ပေးနေပါသည်။
Bugတွေကို ရှာဖွေပြီး ပိုမိုကောင်းမွန်တဲ့ Product တွေဖြစ်လာအောင် ဖွံ့ဖြိုးတိုးတက်လာမှုအပိုင်း‌တွေမှာ ပါဝင်ကူညီဆောင်ရွက်ပေးသွားမှာဖြစ်ပြီး ကမ္ဘာလောကကြီးကို ပိုမိုအဆင်ပြေချောမွေ့လာအောင်၊ ပိုမိုဆွဲဆောင်မှုရှိလာအောင် လုပ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်နေပါတယ်။

❝အရည်အသွေးကောင်းလိုချင်ရင် ကျွမ်းကျင်တဲ့ပညာရှင်ဆီအပ်❞ ဆိုတဲ့ စကားလေးအတိုင်း QA Testingပိုင်းမှာဆိုရင်တော့ QAပိုင်းမှာ Professionalဖြစ်တဲ့ Qualy Myanmar ကုမ္ပဏီဆီမှာ ယုံကြည်စွာ အပ်နှံတာဝန်ပေးလိုက်ပါ။

about image

WORKS

JAPAN QUALITY IT SOLUTIONS

quality assurance image 01
Quality Assurance

UAT(User Acceptance Test)ကို အဓိက အခန်းကဏ္ဍအနေနဲ့ လုပ်ဆောင်နေပါတယ်။
Website, Web System, Web Applicationတွေရဲ့ QA Testingအပိုင်း၊ Third Party Verificationအနေနဲ့ စစ်ဆေးခြင်းအပိုင်းနဲ့ Game Debug ဂိမ်းအပြစ်တွေကို ရှာဖွေဖယ်ရှားခြင်းအပိုင်းတွေကို အထူးကျွမ်းကျင်တဲ့ Professionalအနေနဲ့ လုပ်ဆောင်ပေးသွားပါမည်။

Web Design

Website Homepage ရဲ့ Designပိုင်းနဲ့ Codingပိုင်းကို တာဝန်ယူလုပ်ဆောင်ပေးနေပါသည်။
PCနဲ့Smart Phone နှစ်ဘက်လုံးကနေ လုပ်ဆောင်ပေးနေတဲ့ Responsive Web Designပိုင်းကို လုပ်ဆောင်နိုင်တဲ့အပြင် WordPress စသဖြင့် Admin Settingကနေပြီးတော့ Articlesတွေကို updateလုပ်တဲ့System ပိုင်းတွေကိုလဲ လုပ်ဆောင်နိုင်ပါသည်။

Web Design Image 02
Digital Transformation Image 03
Digital Transformation

အလုပ်များပြီး ဝန်ပိနေသော Admin, HR, Accountစတဲ့ ရုံးပိုင်းဆိုင်ရာအလုပ်တွေကို No Code Applicationတွေ Excel Macro VBA တို့ကို သုံးပြီး Automation Systemပိုင်းတွေကို တာဝန်ယူလုပ်ဆောင်ပေးနေပါသည်။
အမျိုးမျိုးသောToolsတွေမှာ ရင်နှီးကျွမ်းဝင်ပြီး ကောင်းကောင်းနားလည်တဲ့ Consultantပေါ်မူတည်ပြီး အချိန်တိုတိုအတွင်း အလုပ်ပြီးမြောက်အောင် Supportလုပ်ပေးနိုင်ပါသည်။

Digital Marketing

လူကြီးမင်းတို့၏ကိုယ်ပိုင်ကုမ္ပဏီ Website တွေ Online Shopping Website EC Siteတွေရဲ့ တည်ဆောက်မှုပေါ်မူတည်ပြီး Web Marketingကို လုပ်ဆောင်နိုင်ဖို့နဲ့SNSလို Social Media (Facebook, Twitter, YouTube) ကိုသုံးပြီး Marketingလှုပ်ရှားမှုတွေကို တာဝန်ယူလုပ်ဆောင်ပေးနေပါသည်။
SEO(Search Engine Optimization) အတိုင်းအတာတွေ၊ Advertismentကြော်ငြာပြုလုပ်ဖန်တီးမှုတွေ၊ Operationလုပ်ဆောင်မှုတွေ စသဖြင့် လုပ်ဆောင်မှုအမျိုးမျိုးကို ကျယ်ကျယ်ပြန့်ပြန့် Supporting လုပ်ဆောင်ပေးနေပါသည်။

Digital Marketing Image 04
Contents Monitoring Image 05
Contents Monitoring

User အနေနဲ့ပါဝင်ပြီး Applicationနဲ့ Web contentsတွေကို စောင့်ကြည့်စစ်ဆေးခြင်းအလုပ်ကို လုပ်ဆောင်ပေးနေပါသည်။
Discriminatory expressionခွဲခြားဆက်ဆံသောဖော်ပြမှုများ၊ Sexual depictionလိင်ပိုင်းဆိုင်ရာဆွဲဆောင်ဖော်ပြမှုများ၊ Religiousဘာသာရေးဆိုင်ရာလက်မခံနိုင်စရာNGအချက်များကိုဖော်ပြမှု စသောမသင့်လျော်သော postတွေကို ServiceကနေBanလုပ်ခြင်း၊ ဖယ်ရှားခြင်းများကို ပြုလုပ်ပြီး Serviceရဲ့အရည်အသွေးကိုအကောင်းဆုံးထိန်းသိမ်းလိုက်နာသွားပါမည်။

Customer Support

Web Applicationနဲ့ Web servicesတွေကို လုပ်ဆောင်နေစဉ်အတောအတွင်းမှာ Userဘက်က စုံစမ်းမေးမြန်လာမှုများကို တုံ့ပြန်ဖြေကြားပေးသွားပါမည်။
လုပ်ဆောင်မှုReportနဲ့ Feedbackပေးမှုစတဲ့ Service အရည်အသွေးကိုမြှင့်တင်ပြီး အကောင်းဆုံး Supportလုပ်ပေးသွားပါမည်။

Customer Support Image 06
profile wave image

PROFILE

WHO WE ARE

Management


CEO
CEO

Kazuya Takenoshita

Authorized Officer
Authorized Officer

Aung Pyae

Information


information card image

2157

Projects
information card image

2018

Establish
information card image

71

Employee

*as of November,2023

FORM

CONTACT US

※It is a required field.

Privacy Policy

ကျွန်တော်တို့ကုမ္ပဏီသည် ယနေ့ခေတ်ရဲ့ တိုးတက်ပြောင်းလဲလာတဲ့သတင်းအချက်အလက်များနဲ့ ဆက်သွယ်မှုလူမှုကွန်ယက်ပေါ်မှာ ကိုယ်ရေးကိုယ်တာအချက်အလက်(Personal information)ကအလွန်အရေးကြီးတဲ့အချက်ဖြစ်တာကို သိရှိနားလည်သည့်အပြင် ကိုယ်ရေးကိုယ်တာအချက်အလက်များကို မှန်မှန်ကန်ကန် ကိုင်တွယ်ထိန်းသိမ်းစောင့်ရှောက်မှုဟာ ကျွန်တော်တို့ရဲ့အရေးကြီးတဲ့တာဝန်ဖြစ်ကြောင်းကိုလဲ သေချာနှလုံးသွင်းမှတ်သားထားပါသည်။ ထို့ကြောင့် အောက်ပါမူဝါဒ(Policy)များကို အခြေခံပြီး ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်သွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

၁။ ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ခြင်းနှင့်စပ်လျဥ်းသည့်စည်းမျဥ်းများနှင့် ဥပဒေများကို လေးစားလိုက်နာမှု

ကျွန်တော်တို့ကုမ္ပဏီသည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ခြင်းနှင့်စပ်လျဥ်းသည့်စည်းမျဥ်းအမိန့်များနှင့် တစ်ခြားစံသတ်မှတ်ချက်များကို လေးစားလိုက်နာမည့်အပြင် မှန်မှန်ကန်ကန် ကိုင်တွယ်ထိန်းသိမ်းစောင့်ရှောက်ပေးသွားပါမည်။

၂။ ကိုယ်ရေးကိုယ်တာအချက်အလက်များထားသိုမှု

ကျွန်တော်တို့ကုမ္ပဏီသည် ကိုယ်ရေးကိုယ်တာအချက်အလက်များကို သိမ်းဆည်းထားသိုတဲ့အခါမှာ အသုံးပြုတဲ့ရည်ရွယ်ချက်ကို ရှင်းလင်းနားလည်အောင် ကြိုးစားမည်ဖြစ်သည့်အပြင် မျှတတဲ့ဥပ‌ဒေနည်းစနစ်ပေါ်မူတည်ပြီး ကိုယ်ရေးကိုယ်တာအချက်အလက်များကို သိမ်းဆည်းထားသိုသွားပါမည်။

၃။ ကိုယ်ရေးကိုယ်တာအချက်အလက်များအသုံးပြုမှု

ကျွန်တော်တို့ကုမ္ပဏီက သိမ်းဆည်းထားသည့် အချက်အလက်များသည် သိမ်းဆည်းသိုမှီထားစဥ်မှာ ဖော်ပြထားသည့် အသုံးပြုမှုရည်ရွယ်ချက် သို့မဟုတ် အဲ့ဒါနဲ့ဆက်စပ်ပတ်သက်ပြီး ကျိုးကြောင်းစီလျှော်မှုရှိတဲ့ ကဏ္ဍအတွင်း လုပ်ငန်းအကောင်အထည်ဖော်မှုရဲ့အရေးပေါ်လိုအပ်ချက်သတ်မှတ်ထားသည့်အတိုင်း အသုံးပြုသွားပါမည်။ ၎င်းအပြင် third partyနဲ့အတူ မျှဝေသုံးစွဲသွားမည်ဖြစ်ပြီး အချက်အလက်များကို ကိုင်တွယ်အသုံးပြုမှုကို third partyနဲ့ လုပ်ဆောင်တဲ့အခါမှာ မျှဝေသုံးစွဲမည့် third partyနဲ့တစ်ခြားအဖွဲ့နှင့်ပတ်သက်ပြီး အချက်အလက်များသုံးစွဲမှုကို နားလည်သဘောပေါက်အောင် ကြီးကြပ်ညွှန်ကြားသွားမည်ဖြစ်သည်။

၄။ third partyကမ်းလှမ်းမှု

ကျွန်တော်တို့ကုမ္ပဏီသည် ဥပဒေစည်းမျဥ်းအရ လိုအပ်ချက်မှတစ်ပါး သတင်းအချက်အလက်များကို ကြိုတင်၍ ကာယကံရှင်၏ခွင့်ပြုချက်ကို ရယူခြင်းမရှိဘဲ third partyကို ကမ်းလှမ်းမှုလုပ်ဆောင်မည် မဟုတ်ပါ။

၅။ စီစဥ်ညွှန်ကြားမှု

ကျွန်တော်တို့ကုမ္ပဏီသည် သတင်းအချက်အလက်များကို Up to Dateဖြစ်အောင် မှန်ကန်တိကျစွာ ထိန်းသိမ်း‌ဆောင်ရွက်မှု၊ သတင်းအချက်အလက်များပျောက်ဆုံးမှုမရှိဘဲ Safeဖြစ်အောင် စီစဥ်ဆောင်ရွက်မှု၊ လက်ဆော့ခြင်း၊ သတင်းပေါက်ကြားခြင်းစသည်များမဖြစ်အောင် ကြိုတင်ကာကွယ်မှုများအတွက် လိုအပ်တဲ့ သတင်းအချက်အလက်လုံခြုံရေး Securityတိုင်းတာမှုများကို အကောင်အထည်ဖော်လုပ်ဆောင်သွားပါမည်။

၆။ လျှို့ဝှက်ချက်၊ ပြုပြင်မွမ်းမံမှု၊ ဆိုင်းငံ့ခြင်း၊ ပယ်ဖျက်ခြင်း

ကျွန်တော်တို့ကုမ္ပဏီသည် ကာယကံရှင်က ကိုယ်ရေးကိုယ်တာအချက်အလက်နှင့်ပတ်သက်ပြီး လျှို့ဝှက်၊ ပြင်ဆင်၊ ဆိုင်းငံ့၊ ပယ်ဖျက် စသည်များကို တောင်းဆိုသည့်အလျှောက် သေချာမှတ်သားလုပ်ဆောင်သွားမည့်အပြင် အဲ့သည်အချက်များကို လုပ်ဆောင်ဖို့ တောင်းဆိုလာပါက စည်းမျဥ်းဥပဒေအရ မဆိုင်းမတွ ချက်ချင်း လုပ်ဆောင်သွားမည်။

၇။ ဖွဲ့စည်း တည်ဆောက်မှုစနစ်

ကျွန်တော်တို့ကုမ္ပဏီသည် လုပ်ငန်းမှာအသုံးပြုမည့် သတင်းအချက်အလက်များနှင့်ပတ်သက်ပြီး မှန်ကန်သော စီမံခန့်ခွဲမှုကို လက်တွေ့လုပ်ဆောင် အကောင်အထည်ဖော်ဆောင်ရွက်နေစဥ်အတောအတွင်း လုပ်ငန်းရဲ့သတင်းအချက်အလက်များ မှန်မှန်ကန်ကန် ကိုင်တွယ်အသုံးချမှုကို စနစ်တစ်ခု ဖွဲ့စည်းတည်ဆောက်ပြီး အကောင်အထည်ဖော် လုပ်ဆောင်သွားပါမည်။