ဂျပန်စာစိတ်ဝင်စားပြီးလေ့လာလိုသူတွေအတွက် ရန်ကုန်အထိ သွားစရာမလိုဘဲနဲ့ မော်လမြိုင်မှာတင် ဂျပန်စာလေ့လာနိုင်ဖို့ JTCM ဂျပန်စာသင်တန်းကျောင်း ရှိနေပါပြီ။ ကိုယ့်မြို့ကိုယ့်နယ်မှာ ဘဲ အလုပ်လုပ်ရင်း၊ ကျောင်းတက်ရင်း၊ ဂျပန်စာလေ့လာနိုင်ပြီး ဂျပန်ကို သွားရောက်လုပ်ကိုင်လိုသူတွေအတွက် အခွင့်အရေးလည်းဖြစ်ပါတယ်။ မွန်ပြည်နယ် မော်လမြိုင်မှာ တည်ရှိတာကြောင့် မော်လမြိင်အနီးတစ်ခြား မြို့နယ် များအတွက်လည်း တက္ကသိုလ်တက်ရင်း လည်ပတ်သွားလာရင်းနဲ့ ဂျပန်စာလေ့လာဖို့အဆင်ပြေပါတယ်။ မော်လမြိုင်အနီးတစ်ဝိုက်မှာရှိတဲ့ မြို့နယ်များသာမက တစ်ခြားသော ပြည်နယ်၊ မြို့နယ်များအနေနဲ့လည်း မွန်ပြည်နယ်မှာ မွန်ရိုးရာယဉ်ကျေးမှုတွေကို လေ့လာရင်း ခရီးထွက်ရင်းနဲ့ ဂျပန်စာလေ့လာနိုင်တာကြောင့် JTCM မှာ ဂျပန်စာ သင်ကြားဖို့ ရွေးချယ်ခြင်းက အကောင်းဆုံးရွေးချယ်မှုလေးဖြစ်စေမှာပါ။ ရန်ကုန်လို တစ်ခြားမြို့ကြီးတွေနဲ့ မတူတဲ့အချက်က သင်တန်းတက်ရန်အတွက် အချိန်အကြာကြီး Bus စီးပြီး သွားစရာမလိုတဲ့ အချက်လေးဘဲဖြစ်ပါတယ်။ မွန်ပြည်နယ်အနီး တစ်ခြားမြို့နယ်များအနေနဲ့လည်း နေချင်းပြန် ဒါမဟုတ် တစ်ပတ်ခြားတစ်ခါ အိမ်ပြန်နိုင်ပြီး အိပ်ပြန်ခရီး ကလည်း အချိန်အများကြီးပေးစရာမလိုတာကြောင့် မိသားစုနဲ့လဲ ဝေးကွာသွားမှာစိတ်ပူစရာမလို JTCM Mawlamyine ဂျပန်စာသင်တန်းကျောင်းကို ရွေးချယ်သင့်ပါတယ်။