JTCM Website

website

JTCMဂျပန်စာသင်တန်းကျောင်းရဲ့Websiteစတင်ဖွင့်လှစ်လိုက်ပါပြီး။

 JTCM ဂျပန်စာသင်တန်းကျောင်းနဲ့ပတ်သက်ပြီးအသေးစိတ်သိချင်တဲ့လူတွေအတွက် website ကိုပြုလုပ်ထားပါတယ်။ သင်တန်းကျောင်းနဲ့ပတ်သက်တဲ့ တန်းခွဲအသစ်တွေရဲ့ သင်တန်းဖွင့်ချိန်တွေကို အချိန်နဲတပြေးညီ ဝင်ရောက်ကြည့်ရှု့နိုင်ပါပြီ။ တန်းခွဲအသစ်တွေရဲ့ အချိန်ဇယားတွေအပြင် ဂျပန်နိုင်ငံနဲ့ ပတ်သက်တဲ့ အလုပ်အကိုင်အခွင့်အလမ်းများရဲ့ အကြောင်းအရာတွေကိုပါ ရှာဖွေကြည့်နိုင်ပြီဖြစ်ပါတယ်။ ဒါ့အပြင် ဂျပန်နိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်လိုသူတွေအတွက် ကျောင်းတွင်း interview နဲ့ ဂျပန်နိုင်ငံကအလုပ်အကိုင်တွေနဲ့ တိုက်ရိုက် interview စသည့် interview များနဲ့သက်ဆိုင်တဲ့ အကြောင်းအရာတွေကို လေ့လာနိုင်ပါပြီ။ စာသင်ခြင်းနဲ့ အလုပ်အကိုင်သီးသန့်မဟုတ်ဘဲ ကျောင်းသူ/သားတွေနဲ့ ပြုလုပ်လေ့ရှိတဲ့ events လေးတွေကိုပါ ပြုလုပ်ပြီးတင်ထားတာကြောင့် ပျော်စရာလည်းဖြစ်စေမှာပါ။ events တွေကတော့ ဂျပန်နိုင်ငံရဲ့ ပွဲတော်တွေအပြင် နိုင်ငံတကာနဲ့သက်ဆိုင်တဲ့ events လေးတွေကိုပါ ပြုလုပ်ပေးနေတာကို တွေ့ပြီး စိတ်ဝင်စားရင် JTCM ကို လာခဲ့ကြပါနော်။ ဒီလိုမျိုးတွေပြုလုပ်ပေးတဲ့အပြင် Youtube Channel လည်းရှိနေတာ အံ့ဩစရာဘဲနော်။ Channel မှာလည်း ဂျပန်စာကို online ကနေ လေ့လာလိုသူတွေအတွက် စာသင်တဲ့ video တွေအပြင် တစ်ခြားသော video ကို ပြုလုပ်တင်ထားပေးတာကို တွေ့ရမှာပါ။ ဒီထက်ပိုပြီးလည်း ပြုလုပ်သွားမယ့်အစီအစဉ်လဲရှိတာကြောင့် channel ကို like & subscribe လုပ်ထားပြီး အချိန်မရွေး သွားရင်းလာရင်းနဲ့လည်း စာလေ့လာနိုင်ပါပြီနော်။

JTC Facebook Page