About Japanese Language Test

JLPT

Japanese-Language Proficiency Test (JLPT) စာမေးပွဲက ဂျပန်လူမျိုးမဟုတ်တဲ့ နိုင်ငံခြားသားများအတွက်ရည်ရွယ်တဲ့ ဂျပန်စာအရည်အချင်းစစ် စာမေးပွဲမျိုးဖြစ်ပြီး ဂျပန်အစိုးရက အသိအမှတ်ပြုထားတဲ့ စာမေးပွဲမျိုးလည်းဖြစ်တာကြောင့် ဂျပန်စာလေ့လာနေတဲ့ မည်သူမဆို မဖြစ်မနေဖြေဆိုသင့်တဲ့ စာမေးပွဲမျိုးဖြစ်ပါတယ်။ ဂျပန်စာ Level တွေကိုတော့ (N5, N4, N3, N2, N1) ဆိုပြီး ပြောင်းပြန်ရေတွက်ပါတယ်။ N5 က basic အခြေခံဖြစ်ပြီးတော့ N1 ကိုတော့အမြင့်ဆုံးဆိုပြီးသတ်မှတ်ထားပါတယ်။ တစ်နှစ် (၂) ကြိမ်သာပြုလုပ်ပြီး (၇) လပိုင်း ဂျူလိုင်နဲ့ (၁၂) လပိုင်း ဒီဇင်ဘာလရဲ့ လအစပထမအပတ် တနင်္ဂနွေနေ့တွေမှာနိုင်ငံစုံနေရာစုံ တစ်ပြိုင်တည်းတစ်နေ့တည်း ကျင်းပတဲ့စာမေးပွဲဖြစ်ပါတယ်။ စာမေးပွဲမဖြေခင် (၄) လလောက်ကြိုတင် form တင်ရပြီး စာမေးပွဲဖြေဆိုသူရဲ့အချက်အလက်တွေကို အတိအကျ လုံးဝမလွဲအောင် ထည့်သွင်းရေးသားရတဲ့ တင်းကျပ်တဲ့ စာမေးပွဲမျိုးလည်းဖြစ်ပါတယ်။ အထူးသဖြင့် ဂျပန်နိုင်ငံမှာ ကျောင်း၊ တက္ကသိုလ်တက်မည်ဆိုပါက JLPT Level နဲ့ဆုံးဖြတ်တာဖြစ်တာကြောင့် အရမ်းအရေးကြီးတဲ့ စာမေးပွဲမျိုးဖြစ်ပါတယ်။ ဂျပန်နိုင်ငံရဲ့ တစ်ချို့သော အလုပ်ကိုင်တွေကလည်း ဂျပန်စာ (JLPT N4) အောင်မှရမည်ဆိုပြီး သတ်မှတ်ထားတဲ့ အလုပ်တွေလည်းရှိတာကြောင့် JLPT စာမေးပွဲကအရေးကြီးတဲ့ စာမေးပွဲဖြစ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ အတိုင်း စာမေးပွဲ form တင်ရာမှာ သတ်မှတ်ထားချက်တွေများတာကို JTCM ကျောင်းသား/သူများအနေနဲ့ စိတ်ပူစရာမလိုအောင် သင်တန်းကျောင်းကနေ ဝန်ဆောင်ခမယူဘဲ လုပ်ဆောင်ပေးနေပါတယ်။ ဒါအပြင့် JLPT စာမေးပွဲအတွက် လိုအပ်တဲ့ စာဖြေဆိုပုံဖြေနည်းတွေကို လည်းစာသင်ခန်းအတွင်းသင်ကြားပေးနေလို့ ဂျပန်စာလေ့လာလိုသူများ စားမေးပွဲဖြေဆိုလိုသူများအနေနဲ့ စိုးရိမ်စရာမလိုဘဲ ဂျပန်စာကို တစိုက်မက်မက်လေ့လာလို့ရနိုင်တဲ့ အခွင့်အရေးမျိုးဖြစ်ပါတယ်။
JLPT စာမေးပွဲဖြေဆိုတဲ့ အခါမှာ ကိုယ်ဖြေဆိုလိုတဲ့ Level ကို တိုက်ရိုက်ဖြေဆိုနိုင်ပါတယ်။ JLPT Form တင်မည်ဆိုပါက JLPT (N5, N4) စာမေးပွဲကြေး – ၃၀၀၀၀ ကျပ် JLPT (N3, N2, N1) စာမေးပွဲကြေး – ၄၀၀၀၀ ကျပ် မည်သည့် level အတွက်မဆို form ကြေးက ၂၀၀၀ ဆိုပြီးသတ်မှတ်ထားတာမျိုးရှိပါတယ်။ စာမေးပွဲ form တွင်အသုံးပြုရမည့် ဓာတ်ပုံကိုလည်း (၃၀x၄၀)mm (သို့မဟုတ်) (၃x၄)cmဆိုပြီးဓာတ်ပုံဆိုဒ်သတ်မှတ်ထားတာမျိုးလည်းရှိပါသေးတယ်။

တစ်ခြားစာမေပွဲဖြေဆိုချိန်မှာ သတ်မှတ်ထားတဲ့ အချက်အလက်တွေကိုတော့ အောက်ပါ Link ထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

   👇👇👇

jlpt-test

ဂျပန်စာအရည်အချင်းစစ်စာမေးပွဲတွင် JLPT အပြင်နှစ်လတစ်ကြိမ်၊ တစ်နှစ်မှာ (၆) ကြိမ်ပြုလုပ်တဲ့တခြားသောစာ‌မေးပွဲလည်းရှိပါတယ်။ ဒီစာမေးပွဲတွေကတော့ ဂျပန်နိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်လိုသူတွေအတွက် ရည်ရွယ်ပြီးပြုလုပ်တဲ့စာမေးပွဲဖြစ်ပါတယ်။

Nat-Test

နှစ်တစ်နှစ်ရဲ့ စုံဂဏန်းကျရောက်တဲ့လတွေမှာပြုလုပ်ပြီးတစ်နှစ်မှာ (၆)ကြိမ်လုပ်တယ်။ (၂)လတစ်ကြိမ်ကျင်းပတယ်။ စာမေးပွဲကြေးများတယ်။ (၃)ပတ်ပြီးတာနဲ့ အောင်စာရင်းထွက်ပြီး အောင်လက်မှတ်ထုတ်လို့ရပါတယ်။ မည်သည့် level မဆို စာ‌မေးပွဲကြေး (၄၂၀၀၀)ကျပ်ဖြစ်ပါတယ်။
တစ်ခြားစာမေပွဲဖြေဆိုချိန်မှာ သတ်မှတ်ထားတဲ့ အချက်အလက်တွေကိုတော့ အောက်ပါ Link ထဲမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

   👇👇👇

nat-test

J-Test

တစ်နှစ်မှာ (၆)ကြိမ်လုပ်တယ်။ (၂) လတစ်ကြိမ်ကျင်းပတယ်။ စာမေးပွဲကြေးများတယ်။ (၃)ပတ်ပြီးတာနဲ့ အောင်စာရင်းထွက်ပြီး အောင်လက်မှတ်ထုတ်လို့ရပါတယ်။ levelတိုင်းအတွက် စာမေးပွဲကြေး (၄၀၀၀၀) ကျပ်ဖြစ်ပါတယ်။

   👇👇👇

j-test

JTC Facebook Page